.
တာချီလိတ်၊ ဇန်နဝါရီ ၁၈
.
ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ သည် ယနေ့ ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နေ့သစ်ရည်ညွှန်း စာကြည့်တိုက် ဆောင်ရွက်ထားရှိမှု
အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး
ဦးစိုးညွန့်ရွှေက တာချီလိတ်မြို့နယ် စာရေးဆရာ
အသင်း ဥက္ကဋ္ဌ၊ နာယကများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ မိတ်ဆက်စကား ပြောကြားခဲ့သည်။
.
ထို့နောက် တာချီလိတ် မြို့နယ်စာရေး ဆရာအသင်း
နာယက ဦးစိုးစိုး (သုတစိုး)နေ့သစ်က စာရေးဆရာ အသင်းမှ စာကြည့်တိုက်လုပ်ငန်းအား အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ စာပေကို ချစ်မြတ်နိုး
တတ်စေရန်နှင့် စာအုပ် စာပေဖြင့် လူမှုပတ်ဝန်းကျင် ညဏ်ပညာဗဟုသုတ
တိုးတက်ပြန့်ပွားစေရန်၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ သိမှတ်လိုသော
အကြောင်းအရာများ အချက်အလက်များ စာကြည့်တိုက်တွင် ရသစုံလင်စွာ ထားရှိပြသထားရှိကာ
စနစ်တကျ ငှားရမ်းနိုင်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားပြီး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေက
စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှု အခြေအနေများကို
လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။
.
အဆိုပါ “နေ့သစ်ရည်ညွှန်း” စာကြည့်တိုက်ကို တာချီလိတ်မြို့နယ်စာရေးဆရာအသင်း
က ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်
စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယုခုအခါ ၁၁ နှစ်တာကာလရှိပြီဖြစ်ကာ စာကြည့်တိုက်ရှိ
သုတ၊ ရသ စာအုပ်ပေါင်း ၁၀၀၀၀ ကျော်ကို ပြည်သူများအနေဖြင့် အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း
သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment