Wednesday, May 20, 2026

🌸 ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

.

တောင်ကြီး၊ မေ ၂၁

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံ‌ရေးသီတင်းပတ် မြေစိုက်ပိုစတာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို အမွှေးနံသာရည် များဖြင့် ပက်ဖြန်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

.

#ShanGazette #Education

.

No comments:

Post a Comment