Wednesday, May 20, 2026

🌸 နမ့်စန်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ပြုလုပ်

.

နမ့်စန်၊ မေ ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေး ခန်းမတွင် ယနေ့ မေလ ၂၀ ရက်၊ နေ့လယ်ပိုင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင် က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ယာဉ်ထိန်းတပ်ဖွဲ့ ယာဉ်ကြီးကြပ်အဖွဲ့ တာဝန်ရှိသူများက နမ့်စန်မြို့အတွင်း ယာဉ်အန္တရာယ် လမ်း အန္တရာယ်များ မဖြစ်ပွားစေရေး လိုအပ်သည်များ ဖြည့်စွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့ ယာဉ်ကြီးကြပ်များ၊ ခရီးသည်ယာဉ်လိုင်းများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

#ShanGazette #NamSam

.

 

No comments:

Post a Comment