Wednesday, May 20, 2026

🌸 လွိုင်လင်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

.

လွိုင်လင်၊ မေ ၂၀

.

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယမန်နေ့ မေ လ ၁၉ ရက်၊ နေ့လယ်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်း ပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

မအားလပ်၍ စာကြည့်တိုက်သို့မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်း ဖတ်ရှုရန် ခက်ခဲသူများအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာဖတ်သူ များ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်း များနှင့် ဝတ္ထုစာအုပ်များကို ငှားရမ်းပေးနေခြင်း ဖြစ်ပြီး အပတ်စဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

.

#ShanGazette #LoiLem

.

 

No comments:

Post a Comment