.
လားရှိုး၊ နိုဝင်ဘာ ၁၈
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။
.
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တွဲဖက်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက သုတရသစုံစာအုပ်ပေါင်း ၄၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။
.
ကျောင်းသား/ကျောင်းသူများ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/သူ များ ပါဝင်ခဲ့သည်ဟုသိရသည်။
.
ထို့အပြင် အထက်တန်းအဆင့် လူငယ်စကားဝိုင်းတွင် ခေါင်းစဉ် ၆ ခုဖြင့် ပြောဆိုခဲ့သည်ဟုသိရသည်။
.
မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ဆန်ကောရွက်လမ်းလျှောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများလည်း ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
.
#ShanGazette #Lashio
.

No comments:
Post a Comment