.
တောင်ကြီး၊ အောက်တိုဘာ ၁
.
,
၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲဝင်အသင်းများအား
ဖိတ်ခေါ်ထားကြောင်း သိရသည်။
.
ယခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း တွင် အောက်တိုဘာလ ၂၉
ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို
နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
နေ့လွတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲဝင် အဖွဲ့များအနေဖြင့်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၅ ရက်အထိ ကန်ရှေ့ရပ်ကွက်အုပ်ချုပ်မှူးရေးမှူးရုံးတွင်လည်းကောင်း၊
အောက်တိုဘာလ ၆ ရက်မှ ၁၅ ရက်အထိ ရတနာသီရိရပ်ကွက်၊ အိမ်အမှတ် (ရ/၁၉၀)၊ အနောက်မြို့ပတ်လမ်း၊
ပါရမီဆေးဆိုင်ဘေးရှိ ဦးတင်အေး နေအိမ်တွင်လည်းကောင်း စာရင်းပေးသွင်းနိုင်ပြီး အောက်တိုဘာလ
၁၇ ရက်၊ နေ့လယ် ၁ နာရီတွင် ကန်ရှေ့ ရပ်ကွက်ရုံး၌ မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Tazungdai
.

No comments:
Post a Comment