Wednesday, October 15, 2025

🌸 ၁၃၇၈ ခုနှစ်၊ ဟိုပုံးတန်ဆောင်တိုင်မီထွန်းပွဲတော် ကျင်းပမည်

.

ဟိုပုံး၊ အောက်တိုဘာ ၁၅

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၁၃၈၇ ခုနှစ်၊ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲကို တန်ဆောင်မုန်းလဆုတ် ၄ ရက် (၈-၁၁-၂၀၂၅) မှ တန်ဆောင်မုန်းလဆုတ် ၈ ရက် (၁၂-၁၁-၂၀၂၅) ရက်နေ့အထိ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

မီးထွန်းပွဲတော်တွင် နှစ်စဉ်ကျင်းပမြဲအတိုင်း မီးပုံးပျံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသော မီးပုံးပျံအဖွဲ့များအနေဖြင့် ဘုရားကြီးဂေါပကအဖွဲ့ရုံးးထံသို့ လာရောက်စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

.

ထို့အတူ မြို့လုံးကျွတ် စုပေါင်းမဟာကထိန် ပဒေသာပင်လှည့်လည်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် (၃-၁၁-၂၀၂၅) တွင် ပြုလုပ်ကာ မွေတော်ကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်ပြီး တန်ဆောင်မုန်း လပြည့်နေ့ (၄-၁၁-၂၀၂၅) တွင် သီရိမင်္ဂလာဗိမာန်တော်၌ တရားနာယူမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #HoPone

.

No comments:

Post a Comment