Friday, October 17, 2025

🌸 အောင်ပန်းတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

.

အောင်ပန်း၊ အောက်တိုဘာ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

သေဆုံးသူမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ်ခန့်ရှိ အမျိုးသားဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မင်္ဂလာကန်အတွင်း ပြင်ပဒဏ်ရာ မတွေ့ရဘဲ ပုပ်ပွလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆယ်ယူပြီး အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင် ရင်ခွဲစစ်ဆေးကာ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အလားတူ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင်လည်း ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်း အချိန်က အမည်မသိ အမျိုးသားအလောင်းတစ်လောင်းအား မီးလောင်၊ ကြိုးချည်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

Photo – Credit

.

#ShanGazette #AungBan

.

No comments:

Post a Comment