Tuesday, October 21, 2025

🌸 တောင်ကြီး-ဟိုပုံးလမ်း (၈) မိုင်အနီးတွင် လမ်းဘေးရပ်ထားသော ကုန်ကားကို ဆီဘောက်ဆာကားက ဝင်တိုက်ပြီး တစ်ဦး သေဆုံး

.

တောင်ကြီး၊ အောက်တိုဘာ ၂၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊ (၈) မိုင်အနီးတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက လမ်းဘေး၌ရပ်ထားသော ကုန်တင်ယာဉ်ကို ဆီဘောက်ဆာ ယာဉ်မှ ဝင်ရောက်တိုက်မိပြီး တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“၈ မိုင် တိုးလ်ဂိတ်မရောက်ခင် နောင်လံဘုန်းကြီးကျောင်းနားမှာ ဖြစ်တာပါ။ ရှေ့ကရပ်ထားတဲ့ ကုန်ကားကို ဆီဘောက်ဆာက နောက်ကနေ ဝင်တိုက်တာပါ။ တစ်ယောက်သေတယ်လို့ ကြားပါတယ်။ ကားသမား ကတော့ ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် နောက်မှ ဝင်တိုက်သည့် ဆီဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ပြီး မီးလောင်မှု မဖြစ်စေရေးအတွက် မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း အဆိုပါ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီး ၈ မိုင် အနီးတွင်ပင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှု ရှိခဲ့ဖူးသည်။

.

Photo – Credit

.

#ShanGazette #Taunggyi

.

No comments:

Post a Comment