Wednesday, October 22, 2025

🌸 ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် KBZ အုပ်စုနှင့် မိတ်ဖက်များမှ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ ၂၃ လုံး လွှတ်တင်မည်

.

တောင်ကြီး၊ အောက်တိုဘာ ၂၂

.

၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် ကမ္ဘောဇဘဏ်လီမိတက်အုပ်စု နှင့် မိတ်ဖက်ကုမ္ပဏီများက ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၂၃ လုံး ပူဇော်လွှတ်တင် ပြိုင်ပွဲဝင် သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

မီးပုံးပျံပြိုင်ပွဲတွင် ကမ္ဘောဇအုပ်စုအပြင် မိတ်ဖက်ကုမ္ပဏီ၊ လုပ်ငန်းများဖြစ်သော ဆန္ဒမွန်ဆေးရုံ၊ U9၊ ရှမ်းပြည်နယ်တောင်ပိုင်းစက်သုံးဆီအသင်း၊ Cherry Oo Shake Shake Soju တို့က ညမီးကြီးမီးပုံးပျံ ၉ လုံးနှင့် စိန်နားပန်မီးပုံးပျံ ၁၄ လုံး၊ စုစုပေါင်း ၂၃ လုံး လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

.

နေ့လွှတ်နှင့် ညလွှတ် ပြိုင်ပွဲဝင်မီးပုံးပျံအဖွဲ့များအတွက် လွှတ်တင်ရမည့်နေ့ရက် အချိန်ဇယားကို ရေးဆွဲ နေဆဲဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်အသင်းထံက သိရသည်။

.

၂၀၂၅ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း အလုံး ၈၀ ကျော် ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Tazaungdai

.

No comments:

Post a Comment