Wednesday, November 12, 2025

🌸 အောင်ပန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး တစ်ဦး သေဆုံး

.

အောင်ပန်း၊ နိုဝင်ဘာ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းက ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူတစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်း-တောင်ကြီးလမ်း၊ ကျောက်နွားတောင် မုခ်ဦးအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ ည ၇ နာရီခွဲခန့်က အောင်ပန်းမြို့၊ သာမိုင်းခမ်းအုပ်စု၊ ဖောင်းသင်ရွာနေ လူငယ်အမျိုးသား ၂ ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အမျိုးအမည် မသိရှိရသေးသည့် ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကားအမျိုးအစားက သေချာမမြင်ရဘူး၊ Bingo လိုလို Light Truck လိုလိုပြောကြတယ်။ ပြီးတော့ ဘယ်ဘက်မောင်းပြေးတယ် မသိရဘူး။ ကားမီးလုံးအပိုင်းအစတွေတော့ လမ်းပေါ်ကျန်ခဲ့တယ်” ဟု လူမှုကူညီသူတစ်ဦးကပြောသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး နောက်တွင် လိုက်ပါစီးနင်းလာသော အမျိုးသားမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

.

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို နာရေးကူညီမှုအသင်း အောင်ပန်း နှင့် နောင်တရား ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်း၍ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး  ထိခိုက်ဒဏ်ရာ ရရှိသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ကလောဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

#ShanGazette #AungBan #Accident

.

No comments:

Post a Comment