.
တောင်ကြီး၊ မတ် ၁၇
.
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင်
တောင်ကြီးမှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တစ်ဦးထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်းများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်၊ ည ၁၀ နာရီခန့်က သာစည်မြို့နယ်၊
ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ်
တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည်
ဖြိုးမင်းဇော် ထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၁ ဒသမ ၈၇ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်
၅၆၁ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ဖြိုးမင်းဇော် အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး
ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #ThaZi #Drugs
.

No comments:
Post a Comment