.
တောင်ကြီး၊ ဧပြီ ၁၀
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ ဧပြီလ ၁၀ ရက်က ရှမ်းပြည်နယ်လွှတ်တော်
အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လွှတ်တော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များက ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
.
.အစည်းအဝေး သတ္တမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသော စိုင်းထိန်စိုးနှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်တို့က ကတိသစ္စာ ပြုခဲ့သည်ဟု သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ်
ရွေးကောက်တင်မြှောက်ခံရသူ စိုင်းထိန်စိုးက လွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များကို
ရှင်းလင်းတင်ပြပြီး အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ပထမပုံမှန်အစည်းအဝေးများတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊
လွှတ်တော်ရေးရာကော်မတီ ၄ ခု ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း
သိရသည်။
.
ယနေ့ ကျင်းပသော ရှမ်းပြည်နယ်လွှတ်တာ်
တတိယပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့် ရှိသော
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ၁၃၀ ဦး တက်ရောက်ပြီး ၂ ဦး
ခွင့်ပန်ကြားခဲ့သည်။
.
#ShanGazette #Taunggyi #Hluttaw

No comments:
Post a Comment