Saturday, January 17, 2026

🌸 လွိုင်လင်-နမ့်စန်လမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး တစ်ဦး သေဆုံး

.

လွိုင်လင်၊ ဇန်နဝါရီ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၇/၁) နှင့် (၁၇၇/၂) အကြား တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ ဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦးတို့တွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

သေဆုံး၊ ဒဏ်ရာရသူများအား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ် ၁ စီး၊ နမ့်စမ်မြို့နယ် ကြက်ခြေနီ အသင်းမှ သူနာတင်ယာဉ် ၁ စီးနှင့် တောင်တန်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ် ၁ စီးတို့ဖြင့် လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Photo – MFSD

.

#ShanGazette #NamSam #Accident

.

No comments:

Post a Comment