.
တောင်ကြီး၊ ဖေဖော်ဝါရီ ၄
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း
ပန်းမုံလာစိမ်း ဈေးကောင်းရသော်လည်း ပန်းမုံလာစိုက် တောင်သူများအနေဖြင့် ခြံဖြတ်၀ယ်ယူသူများက
တစ်ပွင့်လျှင် ၂၀၀ ကျပ်ခန့် သာ ဈေးဖြတ်၀ယ်ယူမှု ရှိနေသည့်အတွက် တွက်ချေမကိုက် ဖြစ်နေကြောင်း
သိရသည်။
.
.ပန်းမုံလာအစိမ်းသည် အပွင့်အနေအထားပေါ် မူတည်၍ ဈေးကွက်အတွင်း
၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိရောင်းချနေသော်လည်း အမှန်တကယ်
စိုက်ပျိုးသည့်တောင်သူများမှာ ဈေးကောင်းမရဘဲ ဖြစ်နေ ကြောင်းသိရသည်။
.
“ဈေးထဲမှာက အပွင့်လှရင်လှသလို ၂၀၀၀ လောက်
အထိရောင်းလို့ရပါတယ်။ ခြံထဲအထိ လာကောက် ပေးတယ်ဆိုပေမဲ့ အရမ်းကြီးဈေးနှိမ်တာမျိုးတော့
မလုပ်သင့်ဘူးပေါ့။ စိုက်တဲ့တောင်သူတွေက ဈေးကွက် ထဲမှာလက်လီသွားမရောင်းနိုင်တော့ တစ်ဆင့်ခံတွေက
ခေါင်းပုံဖြတ်သလိုဖြစ်နေတာပေါ့” ဟု ပန်းမုံလာ (ပန်းဂေါ်ဖိစိမ်း) စိုက်တောင်သူတစ်ဦးက
ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။
.
လက်ကား၀ယ်ယူသည့် တစ်ဆင့်ခံဈေးသည်များသည် သီးနှံစိုက်ပျိုးသည့်ခြံများတွင်
အနိမ့်ဆုံးဈေး ဖြင့် ဝယ်ယူတတ်ကြပြီး ပြန်လည်ရောင်းချသည့်အချိန်တွင် သင့်တင့်မျှတသည့်
ဈေးမဟုတ်ဘဲ အဆမတန်တင်၍ ရောင်းချမှုများရှိနေကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ ကလောမြို့နယ် ဟဲဟိုးဒေသနှင့်
အခြားဒေသများတွင် ပန်းမုံလာနှင့် ပန်းစိမ်းတို့ကို အများဆုံးစိုက်ပျိုးနေကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment