.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၃
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ သောက်သုံးရေ
စုကန်များတွင် ယခုရက်ပိုင်းမှစ၍ စုဆောင်း ရေများ စတင်ကျဆင်းလာနေကြောင်း သိရသည်။
.
.တောင်ကြီးမြို့ပေါ်တွင် ရေစုကန်များအဖြစ်
ရုရှားကန်၊ မြကန်သာရေကန်နှင့် အနောက်မြို့ပတ်လမ်းအနီးရှိ ဂနိုင်ရေကန် အမှတ် (၁)၊ (၂)၊
(၃) တို့ရှိနေပြီး အဆိုပါရေစုကန်များတွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ် ခန့်မှ စတင်၍
စုဆောင်းရေများ ကျဆင်းလာနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“အခုရက်ပိုင်း နေ့လယ်ခင်းတွေဆို အပူချိန်က တက်လာတော့
ကန်ရေတွေ ကျလာတဲ့သဘောပေါ့။ အမှတ် (၂) ကန်ထဲမှာဆိုရင် ရေက လုံးဝမရှိတော့ပါဘူး။ ရေအခက်အခဲအတွက်
ကြိုတင်ပြင်ဆင်ရတော့မှာပေါ့” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက
ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။
.
တောင်ကြီးမြို့သည် သောက်သုံးရေအတွက် မြေအောက်ရေကို
အဓိကအားထား သုံးစွဲနေရသည့် မြို့ဖြစ်ပြီး မြို့ပေါ်ရှိ ရေစုကန်များတွင် ရေကျဆင်းခန်းခြောက်ပါက
နှစ်စဉ်နှစ်တိုင်း သောက်သုံးရေ အခက်အခဲ ကြုံတွေ့ ရတတ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“မြို့ပေါ်မှာက အဝီစိတွင်းရေကိုပဲ အဓိကထားပြီး သုံးနေကြရတာပါ။
ရေစုကန်တွေမှာ ရေခန်းတာနဲ့ တွင်းရေတွေလည်း အကုန်ကျကုန်တာမျိုးပေါ့။ ရေရှည်အတွက် သဘာဝပတ်၀န်းကျင်ကိုလည်း
မြို့ပေါ်မှာ နေထိုင်တဲ့လူတိုင်း ဝိုင်းပြီးထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု
သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လုပ်ဆောင် နေသူတစ်ဦးက ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် ဒေသခံများအပြင် ရွေ့ပြောင်းအခြေချ
နေထိုင်သူ များပြားလာသည့်အတွက် သောက်သုံးရေနှင့် ပတ်သက်ပြီး ရေရှည်စီမံကိန်းများဖြင့်
စနစ်တကျ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment