Sunday, March 15, 2026

🌸 အေးသာယာနှင့် ‌ရွှေညောင်တွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းမိ

.

တောင်ကြီး၊ မတ် ၁၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နှင့် ရွှေ‌ညောင်မြို့တို့တွင် မတ်လ ၁၂ ရက်က စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များနှင့် ပူးပေါင်းအဖွဲ့သည် မတ်လ ၁၂ ရက်၊ နေ့လယ် ၁ နာရီ အချိန်ခန့်က ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ပေါ်ကျွဲလမ်းနေ ကျော်ဝင်းနိုင်၏ နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ကာလ တန်ဖိုး ၁၀ သိန်းကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အကွက်ကြီး ‌(၁၀) သပြေလမ်းရှိ မစုစုစံ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား ကာလတန်ဖိုး သိန်း ၈၀ အား ထပ်မံဖမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်၀င်းနိုင်နှင့် မစုစုစံ တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

.

#ShanGazette #ShweNyaung #AyeTharYar #Drugs

.

No comments:

Post a Comment