Sunday, March 22, 2026

🌸 တာချီလိတ်တွင် အိုက်စ် မူးယစ်ဆေး ကီလို ၂၆၀ ခန့် ဖမ်းမိ

.

တာချီလိတ်၊ မတ် ၂၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးတွင် ယနေ့ မတ်လ ၂၂ ရက်၊ နံနက်အစောပိုင်းက ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် မူးယစ်ဆေး ၂၆၀ ကီလိုဂရမ် ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ ယနေ့ မတ်လ ၂၂ ရက်၊ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင် အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကို ဖြတ်၍ ထိုင်းနိုင်ငံ ဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ)ဝမ်းဝမ်း နှင့်အတူ အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့်၊ ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး (အိုက်စ်)များအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ် တရားခံများအား ဖော်ထုတ် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment