.
ကွန်ဟိန်း၊
မတ် ၂၃
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကွန်ဟိန်းမြို့နယ်တွင် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၈၄၀၀ တန်ဖိုးရှိ
ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်က
ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာအနီး၊ ကွန်ဟိန်း-ခိုလမ်သွားကားလမ်းတွင်
မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် စိုင်းလိန်ခမ်း မောင်းနှင်ပြီး
စိုင်းဆိုင်ဝမ်း လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၀၀
တုံး၊ အလေးချိန် ၇၀ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၄၀၀ အား
တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဘိန်းဖြူဘလောက်တုံးများ
သယ်ဆောင်ခိုင်းသူ စိုင်းခမ်းရွက်(ခ)စိုင်းရွက် အား ၎င်းနေထိုင်သည့်
မိုင်းပျဉ်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက် (၅) ရှိနေအိမ်တွင်
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ
ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းလိန်ခမ်း၊
စိုင်းဆိုင်ဝမ်း နှင့် စိုင်းခမ်းရွက် (ခ) စိုင်းရွက် တို့ ၃ ဦးအား
ကွန်ဟိန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်
ရှိကြောင်း သိရသည်။
.
#ShanGazette #KunHing
.

No comments:
Post a Comment