.
တာချီလိတ်၊ မေ ၂၂
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တပ်နယ်အစည်းအဝေး
ခန်းမတွင် ယနေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊ ဝါတွင်းကာလ ဆရာတော် သံဃာတော်များအား
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ဒေသခံ ပြည်သူများ
စုပေါင်းပါဝင်လှူဒါန်းနိုင်ရေး၊ သံဃာတော်များအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့်
ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး၊ လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ်
ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင် စီမံဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
.
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒေသခံပြည်သူများ
လွတ်လပ်စွာပါဝင်လှူဒါန်းနိုင်ရေးအတွက် တာချီလိတ် ရွှေတိဂုံရင်ပြင်တော်၌
ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြို့ပေါ်ကျောင်းပေါင်း ၁၄၈ ကျောင်းမှ ရဟန်း ၈၈၅
ပါး၊ သာမဏေ ၁၉၉၂ ပါး၊ သီလရှင် ၁၅၇ ပါး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ
ကျောင်းသား ကျောင်းသူ ၁၂၂၃ ဦး၊ စုစုပေါင်း ၄၂၅၇ ဦးတို့အား ဝါတွင်းသုံးလတာ
ကာလအတွင်း ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Tachileik
.

No comments:
Post a Comment