တောင်ကြီး အောက်တိုဘာ ၄
.
သီတင်းကျွတ်အချိန်အခါ ရောက်ရှိနေသော်လည်း တောင်ကြီးမြို့ပေါ်တွင် မြန်မာ့ရိုးရာရောင်စုံမီးပုံး များ၀ယ်ယူသူနည်းပါးနေကြောင်း မီးပုံးရောင်းချသူ များထံသိရသည်။
.
.
ယခင်ကသီတင်းကျွတ်အချိန်အခါသမယတွင် ဘုရားရှင်အားဆီမီးပူဇော်ရန်အတွက် ရောင်စုံ စက္ကူများဖြင့်ပြုလုပ်ထားသည့် မီးပုံးများ၀ယ်ယူ အသုံးပြုကြသော်လည်း ယခုအခါတရုတ်နိုင်ငံထုတ် လျှပ်စစ်မီးဆိုင်းမီးတွဲများကိုသာ အသုံးပြုမှု များလာသည့်အတွက် မြန်မာ့ရိုးရာလက်မှုပစ္စည်း ဖြစ်သည့် ရောင်စုံမီးပုံးများ ၀ယ်ယူသူနည်းပါးသွား ခြင်းဖြစ်ကြောင်းသိရသည်။
အခုနောက်ပိုင်းမီးပုံးတွေ၀ယ်ပြီးမီးပူဇော်တာ တော် တော်နည်းသွားပါတယ်။တရုတ်က၀င်လာတဲ့မီးတွဲ တွေပဲသုံးနေကြတာပေါ့။အနုပညာမျက်စိနဲ့ပြောရ မယ်ဆိုရင် မြန်မာ့ရိုးရာလက်မှုပညာတစ်ခုပျောက် သွားမှာစိုးရိမ်ရပါတယ်။တစ်ဖက်က၀င်လာကိုအ သုံးပြုသလို့ကိုယ့်ရိုးရာပစ္စည်းလေးတွေကိုလည်း တန်ဖိုးထားပေးရင်လည်းကောင်းတာပေါ့ဗျာ ဟု တောင်ကြီးဒေသခံ ကဗျာဆရာတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
.
မြန်မာ့ရိုးရာမီးပုံးပြုလုပ်ရာတွင် ရောင်စုံစက္ကူများ ကိုအဓိကအသုံးပြုပြီး ကလေးငယ်များတွန်း၍ ဆော့ကစားရသည့်မီးပုံးလှည်းများပြုလုပ်ရာတွင် ရောင်စုံဆီစိမ်စက္ကူနှင့်ဝါးခြမ်းပြားများကိုအသုံးပြု ဖန်တီးပြုလုပ်ထားကြောင်းသိရသည်။
/
တချို့ရက်တွေဆိုတစ်နေသာကုန်သွားရောတစ်လုံး မှမရောင်းရဘဲဈေးဦးတောင်မပေါက်ဘူးဗျ။ဈေး လိုက်ရောင်းရင်းနဲ့တစ်ခုခုနဲ့ချိတ်မိတိုက်မိလို့ပျက် သွားရင်အရင်းရှုံးတဲ့အခါတောင်ရှိတယ် ဟုမီးပုံးလိုက် လံရောင်းချနေသည့်ဈေးသည်တစ်ဦးကပြော သည်။
/
မြန်မာ့ရိုးရာရောင်စုံမီးပုံးများကို အကြီးအသေးနှင့်ပြုလုပ်ထားသည့်လက်မှုပညာအပေါ်မူတည်၍ တစ် လုံးလျှင် ၂၀၀၀ ကျပ်မှစ၍ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပေးနေကြောင်းသိရသည်။
.
#ShanGazette#Taunggyi

No comments:
Post a Comment