.
မူဆယ်၊ အောက်တိုဘာ ၆
.
မေသူ
.
မြန်မာ-တရုတ် နှစ်နိုင်ငံဆက်သွယ်ထားသည့်
သမိုင်းဝင်ကမ္ဘာကျော် ဝမ်တိမ်တံတားရှိရာ ဝင်ထွက်ပေါက် တွင် မြန်မာဘက်က ဒေသခံများသာ
ဝင်ထွက်သွားလာနေပြီး တရုတ်ဘက်မှ ဝင်ထွက်မှု မရှိကြောင်း ဒေသခံများထံက သိရသည်။
.
.မြန်မာနိုင်ငံ ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် တရုတ်နိုင်ငံဘက်ခြမ်း၊
ဝမ်တိမ်မြို့တို့မှာ ရွှေလီမြစ် တစ်ဘက်စီမှာ ရှိသည့် မြို့များဖြစ်ပြီး တံတားတစ်ခုသာခြားကာ
ဒေသခံအများစုမှာလည်း ဆွေမျိုးသားချင်းများ ဖြစ်ကြ သည်ဟု သိရပါသည်။
.
ထိုတံတားကိုဖြတ်သန်းကာ နှစ်နိုင်ငံ ကုန်စည်ကူးသန်းတင်ပို့ကြသည်
သိရသည်။ မြန်မာနိုင်ငံဘက်အခြမ်းက ဖရဲသီးအပါအဝင် ရေထွက်ကုန် ဂဏန်း၊ ပုဇွန်၊ ငါးရှဉ့်၊
သစ်သီးမျိုးစုံနှင့် ကျွဲ၊ နွား၊ ဆိတ်များ တင်ပို့ကုန်သွယ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နှစ်နိုင်ငံကူးသန်းကုန်သွယ်သွားလာခဲ့ကြသည့်
တံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေးတွင် အသုံးချခဲ့ပြီး ယခင်က အရှည်ပေ ၃၀ ခန့်ရှိသစ်သားတံတားလေးဖြစ်သည်။
သစ်သားတံတားဟောင်း၏ အလယ်တွင် သတိပေးတားမြစ်ထားသည့် စာတန်းပါ ပိုစတာထောင်ထားပြီး
ဖြတ်သန်းသုံးစွဲခွင့်မပြုကြောင်း ရေးသားထားသည်။
.
လက်ရှိဖြတ်သန်းနေကြသည့် တံတားမှာ ကွန်ကရစ်တံတားဖြစ်ပြီး
မြန်မာဘက်အခြမ်းတွင် ညီနောင် မဟာမိတ်တပ်များက တပ်စွဲထားပြီး မြန်မာဘက်အခြမ်းသို့ ဝင်ထွက်သွားလာမှု
ပိုတင်းကြပ်စွာ စစ်ဆေးနေသည်ဟု ဒေသခံတို့ကဆိုသည်။
.
#ShanGazette #Muse
.

No comments:
Post a Comment