Monday, November 17, 2025

🌸 ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် လွယ်လုံပရဟိတကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူများအား ဆုချီးမြှင့်သွားမည်

.

တောင်ကြီး၊ နိုဝင်ဘာ ၁၈

.

၂၁၂၀ ခုနှစ်၊ ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ လွယ်လုံပရဟိတကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ လွယ်လုံပညာဗောဓိပရဟိတကျောင်းတွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၅ ရက် (လကွယ်နေ့)၊ (၁၉-၁၁-၂၀၂၅) ရက်နေ့ ညနေပိုင်းမှ စတင်၍ စကားရည်လုပွဲ၊ ရှမ်းရိုးရာကိန္နရီ၊ ကိန္နရာအကများ ကပြဖျော်ဖြေခြင်း၊ ရှမ်းအစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး ည ၁၁ နာရီခွဲအချိန်တွင် ဘုရားရှိခိုး မေတ္တာပို့ကာ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရှမ်းနှစ် ၂၁၂၀ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၂၀-၁၁-၂၀၂၅) ရက်နေ့တွင် နှစ်သစ်မင်္ဂလာဩဘာ စာတမ်းများ ဖတ်ကြားခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသစ်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ ၁၉ ဦးနှင့် သင်ကြားရေးဆရာ/ဆရာမ ၃၀ ဦးတို့ကို ဆုချီးမြှင့်ခြင်း၊ တရားတော်နာယူခြင်း၊ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် လွိုင်လုံပညာဗောဓိ ပရဟိတကျောင်းကော်မတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment