.
လားရှိုး၊
နိုဝင်ဘာ ၁၅
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့တွင် ကိုးကန့်တပ် MNDAA
က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက
ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
.
.
ယခင်
တိုက်ပွဲများအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၂ ဦးကို MNDAA
က ယနေ့ နံနက်ပိုင်းတွင်
လားရှိုးမြို့နယ်၊ ဟိုပိတ်ရွာဘက်မှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယခင်ကလည်း
ကိုးကန့်တပ်က စစ်သုံ့ပန်းအချို့ကို ပြန်လွှတ်ပေးခြင်းများ ရှိခဲ့ပြီး ယခုတစ်ကြိမ် လွှတ်ပေး
သည့်အရေအတွက်မှာ များပြားကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
လားရှိုးမြို့နယ်အတွင်း
အစိုးရတပ်နှင့် MNDAA
တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင်
ယခုကဲ့သို့ စစ်သုံ့ပန်းများ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
.
ပြီးခဲ့သည့်ရက်အတွင်းက
ကိုးကန့်တပ် MNDAA နှင့် အစိုးရတပ်တို့ လားရှိုးမြို့တွင် တွေ့ဆုံခဲ့ပြီး လားရှိုး မြို့ပြင်ရှိ
MNDAA တပ်စခန်းများကို ဆုတ်ခွာပေးရန် အစိုးရတပ်၏ တောင်းဆိုမှုကို
MNDAA က လက်မခံသည့်အတွက် နှစ်ဘက် တင်းမာမှုများ ဖြစ်ပေါ်ကာ လားရှိုး-သီပေါလမ်းရှိ
သီပေါတံတားကို နှစ်ဘက် အပြန်အလှန် ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette
#Lashio #MNDAA
.

No comments:
Post a Comment