.
တောင်ကြီး၊ ဒီဇင်ဘာ ၁၇
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ
ဂနိုင်ရေကန်များအတွင်းသို့ ဆောင်းခိုငှက်များ စတင် ဝင်ရောက်နားခိုလာနေကြောင်း သိရသည်။
.
.
အဆိုပါ ဆောင်းခိုငှက်များ ဂနိုင်ကန်အတွင်းသို့ ရောက်ရှိသည်မှာ
၃ ရက်ခန့်ရှိနေပြီဖြစ်ပြီး ငှက်အကောင်ရေ ရာနှင့်ချီ ရှိကြောင်းသိရသည်။
.
“သတိထားမိတာတော့ သုံးရက်လောက်ရှိနေပြီ။ အရင်နှစ်တွေတုန်းကလည်း
ဆောင်းတွင်းဆိုရင် ရောက်လာတတ်တယ်။ ဒီနှစ်က အကောင်ရေပိုများတယ်” ဟု တောင်ကြီးမြို့၊
ဝါးပြားလမ်းဆုံအနီးနေထိုင်သူ တစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။
.
အဆိုပါဆောင်းခိုငှက်များသည် နှစ်စဉ်ဒီဇင်ဘာလလယ်ခန့်တွင်
ဂနိုင်ရန်ကန်များအတွင်းသို့ ရောက်ရှိလာ တတ်ပြီး တစ်လကျော်ခန့်
ဆောင်းခိုနေထိုင်လေ့ရှိကြောင်း သိရသည်။
.
“အဓိက ကတော့ ငှက်တွေကို ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့
လိုအပ်တာပေါ့။ သူ့သဘာဝအရ ရေကန်ထဲမှာ ကျက်စားပြီး အချိန်တန်ရင် သူတို့နေရာကိုပြန်ကြမှာပဲ။
ထိန်းသိမ်းစောင့်ရှောက်ပေးဖို့တော့ လိုအပ်ပါတယ်” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ကျောင်းကြီးစုရပ်ကွက်ရှိ
ဂနိုင်ရေကန်များအတွင်းသို့ ဆောင်းခိုငှက်များ နှစ်စဉ်ဝင်ရောက်နားခိုသည်မှာ ၅ နှစ်ခန့်
ရှိပြီဖြစ်ကြောင်းသိရသည်။
.
#ShanGazette #Taunggyi
.
.jpg)
No comments:
Post a Comment