Tuesday, December 16, 2025

🌸 ဆီဆိုင်မြို့မဈေး ယာယီဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွား

.

ဆီဆိုင်၊ ဒီဇင်ဘာ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြို့မဈေး ယာယီဆိုင်ခန်းတစ်ခု တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ဆီဆိုင်မြို့၊ သီရိရပ်ကွက်၊ မြို့မဈေး ယာယီဆိုင်ခန်းအတွင်းရှိ သင်္ကန်းဆိုင်တစ်ခုတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ ည ၈ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သင်္ကန်းအရောင်းဆိုင် ၈ ပေ ဆိုင်ခန်း ၂ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုဖြစ်ပွားရာသို့ ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနို င်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

Photo – MFSD

.

#ShanGazette #HseHseng

.

No comments:

Post a Comment