Sunday, December 21, 2025

🌸 ကလောတွင် ပထမအကြိမ် ပန်းပွဲတော် ကျင်းပမည်

.

ကလော၊ ဒီဇင်ဘာ ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ပန်းပွဲတော်ကို ကလောမြို့၊ မောမြေဦးပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

.

ပန်းပွဲတော်အတွင်း နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များ အပါအဝင် ဒေသထွက်ပန်းမျိုးစိတ်အမျိုးမျိုးကို ပါဝင်ပြသ သွားမည်ဖြစ်ပြီး အလှဓါတ်ပုံရိုက်ကူးရန် နေရာများနှင့် စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် စာကြည့်တိုက် များကိုလည်း ထည့်သွင်းစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၉၇ ခန့်တွင် တည်ရှိပြီး ကိုလိုနီခေတ်တွင် ဗြိတိသျှတို့ တည်ထောင်ခဲ့သော မြို့တစ်မြို့ ဖြစ်သည့်အားလျော်စွာ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အဦး အများအပြား ကျန်ရှိနေပြီး အေးချမ်းသည့် ရာသီဥတုနှင့်  တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့် ပြည်တွင်းနှင့် နိုင်ငံခြားခရီးသွားများ လာရောက်အနားယူအပန်းဖြေလေ့ရှိသည့် တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။

.

#ShanGazette #Kalaw

.


No comments:

Post a Comment