Sunday, December 21, 2025

🌸 လားရှိုးမြို့ပေါ် နေရာအချို့တွင် ပေါက်ကွဲမှုဖြစ်ပွား

.

လားရှိုး၊ ဒီဇင်ဘာ ၂၂

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ နေရာအချို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၅) နှင့် ရပ်ကွက် (၂) တို့တွင် ယမန်နေ့ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းကလည်း လားရှိုးမြို့၊ မန်ဆူဘုရားအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

.

အဆိုပါ ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

.

ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိတ်လန့်မှုရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ် ၌ အရောင်းအဝယ်များ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

.

လားရှိုးမြို့နယ်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စု ရှိသည့်အနက် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခုတို့တွင် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Lahshio

.

No comments:

Post a Comment