Thursday, December 4, 2025

🌸 တောင်ကြီးမြို့ ပြည်နယ်ဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်းများအား ဖယ်ရှားခိုင်းထား

.

တောင်ကြီး၊ ဒီဇင်ဘာ ၅

.

တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/တိုက်ခန်း များအား ဖယ်ရှားရှင်းလင်းသွားရန် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဒီဇင်ဘာလ ၃ ရက်တွင် အကြောင်းကြားထားသည်ဟု သိရသည်။

.

.

ပြည်နယ်ဘောလုံးကွင်း ပတ်လည်ရှိ အား/ကာဌာနပိုင် မြေပေါ်တွင် ငှားရ၎်းထားသော ဆိုင်ခန်း/တိုက်ခန်း များအား ဆက်လက်ငှားရ၎်းခြင်း မပြုတော့ကြောင်းနှင့် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ဆိုင်ခန်း/တိုက်ခန်း လစာများ ကောက်ခံခြင်း မပြုတော့ကြောင်း ဆိုင်ခန်းရှင်များသို့ အကြောင်းကြားသည့် စာတွင် ဖော်ပြ ထားသည်။

.

“ကျွန်တော်တို့က ဒီနေရာမှာ လုပ်ကိုင်စားသောက် နေထိုင်လာတာ နှစ်ပေါင်း ၃၀ မကတော့ပါဘူး။ အခုလို ရုတ်တရက်ကြီး ပြောင်းရမယ်ဆိုတော့ အခက်အခဲဖြစ်ရတာပေါ့” ဟု ဘောလုံးကွင်းတိုက်တန်းအတွင်း စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

အဆိုပါ ဆိုင်ခန်း/တိုက်ခန်းများ နေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment