Saturday, December 6, 2025

🌸 အောင်ပန်းတွင် ခရီးသည်တင်ယာဉ်နှင့် Nissan Atlas ယာဉ် တိုက်မှုဖြစ်ပွား

.

အောင်ပန်း၊ ဒီဇင်ဘာ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်နှင့် Nissan Atlas အမျိုးအစား မော်တော်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၅) နှင့် (၇၈/၆) အကြားတွင် ယနေ့ ဒီဇင်ဘာ လ ၆ ရက်၊ နံနက် ၈ နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် Nissan Attlas ယာဉ်ပေါ်မှ အမျိုးသမီး ၂ ဦး ညှပ်နေသဖြင့် အောင်ပန်းမီးသတ်တပ်ဖွဲ့စခန်းမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ညှပ်နေသူ အမျိုးသမီး ၂ ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ ယာဉ်တို့ဖြင့် အောင်ပန်းပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Photo – MFSD

.

#ShanGazette #AungBan #Accident

.

 

No comments:

Post a Comment