.
၂၀၂၆ ခုနှစ် ၊
မတ်လ ၁၆ ရက်
.
၂၀၂၆ ခုနှစ်၊
တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များကို
ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်းရှိ စာဖြေဌာနအသီးသီးတွင်
ဆက်လက်ဖြေဆိုခဲ့ရာ ရှမ်းပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် ပျက်ကွက်သူ ၇၃၇ ဦး
ရှိခဲ့ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ်တစ်ခုလုံးတွင်
ဘာသာရပ် ၂ ခုပေါင်း စာရင်းပေးထားသူ ကျောင်းသား/သူ ၁၇၇၆၁ ဦး ရှိသည့်အနက်
ကျောင်းသား/သူ ၁၇၀၂၄ ဦး လာရောက်ဖြေဆိုခဲ့ပြီး စုစုပေါင်း ဖြေဆိုသူ ရာခိုင်နှုန်း
၉၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိကာ ပျက်ကွက်သူ စုစုပေါင်း ၇၃၇ ဦး ရှိခဲ့သည်။
.
မတ်လ ၁၇
ရက်တွင် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း
သိရသည်။
.
#ShanGazette
#Taunggyi #MatriculationExam
.

No comments:
Post a Comment