.
တောင်ကြီး၊ မတ် ၁၆
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.“ယိမ်းပြိုင်ပွဲတွေလုပ်မယ်။
လမ်းလျှောက်သင်္ကြန်လုပ်မယ်။ အင်းလေးရေပေါ်သင်္ကြန်လုပ်မယ်။ စတုဒိသာ ကျွေးတာတွေ
လုပ်မယ်။ ရှမ်းပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်တွေ မိန်းလမ်းပေါ်မှာလုပ်မယ်။ အဓိက ကတော့
ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် စည်ကားသိုက်မြိူက်စွာ ကျင်းပပြုလုပ်သွားမှာပါ”
ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု
မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းဝေးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် တောင်ကြီးမြို့
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မဏ္ဍပ်နေရာများကို ကွင်းဆင်းကြည့်ရှု၍
လျာထားချက်များ တင်ပြရန်၊ သင်္ကြန်ယိမ်းအကပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့်
အင်းလေးရေပေါ်သင်္ကြန် ကျင်းပမည် ဖြစ်၍ မူဝါဒနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်၊
ဗဟိုမဏ္ဍပ်နေရာများ ရွေးချယ်အဆိုပြုရန်နှင့် စတုဒိသာ ကျွေးမွေးရန် စသည်တို့ကို
ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါသည်။
.
တောင်ကြီးမြို့တော်
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ယခင်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းမပေါ်ရှိ မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားချိန် ကစတင်၍
မဏ္ဍပ်ဆောက်လုပ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်၊ မဏ္ဍပ်ပြန်လည်ပြုလုပ်ချိန်တွင်
ရှမ်းပြည်နယ် အစိုးရရုံး အနီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Thingyan
.

No comments:
Post a Comment