.
တောင်ကြီး၊ မတ် ၁၈
.
ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်
၂၀၂၅/၂၆ ခုနှစ် ဘောလုံးရာသီ၏ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက်
ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ နှစ်ဆက်တိုက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
.
.ယခုရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏
နောက်ဆုံး ပွဲစဥ် ၂၂ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့်
ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ယနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းတွင် တောင်ကြီးကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ရာ
ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို မြတ်ကောင်းခန့်၏ တစ်လုံးတည်းသော
သွင်းဂိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းအသင်းသည် ၂၂ ပွဲ ကစား ၁၈ ပွဲနိုင်၊ ၄
ပွဲသရေ၊ ရမှတ် ၅၈ မှတ်ဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ယခုရာသီ
ချန်ပီယံဆုဖလားကို ရယူကာ အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။။
.
ရှမ်းယူနိုက်တက်အသင်းသည်
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊
၂၀၂၃၊ ၂၀၂၄- ၂၀၂၅ နှင့် ၂၀၂၅- ၂၀၂၆ ရာသီများတွင် ချန်ပီယံ ဖြစ်ခဲ့သည့်အတွက်
ချန်ပီယံဆု ၇ ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသကဲ့သို့
ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ ကြိမ် ဆက် ချန်ပီယံ၊ ၅ ကြိမ်ဆက် ရှုံးပွဲမရှိ
ချန်ပီယံ အသင်းအဖြစ်လည်း
ရပ်တည်နေသည်။
.
#ShanGazette #Sports #Football #MNL
.

No comments:
Post a Comment