.
ကျိုင်းတုံ၊
မတ် ၁၉
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မတ်လ ၁၇ ရက်၊ ညပိုင်းက
ဘိန်းစိမ်းအလေးချိန် ကီလို ၄၀ ကျော်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က
သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ
မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်
သယ်ဆောင် လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀ ဒသမ ၅ ကီလို၊
ဒေသကာလတန်ဖိုး ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍
ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူ အပေါအား ကျိုင်းတုံမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်
အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #KyaingTong #မူးယစ်ဆေး
.

No comments:
Post a Comment