.
တောင်ကြီး၊ မတ် ၂၁
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း
သိရသည်။
.
.တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ
ရှမ်းပြည်နယ်လွှတ်တော်ခန်းမနှင့် ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်ကြားတွင်
မဏ္ဍပ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုနှစ် တောင်ကြီးမြို့တော်
မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲ၊ စတုဒိသာကျွေးမွေးမှု တို့အပြင်
မိန်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်တွင် မဏ္ဍပ်များ ဆောက်လုပ်ပြီး
ဖျော်ဖြေရေး အစီအစဉ် များဖြင့် စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော်
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ယခင်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းမပေါ်ရှိ မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားချိန် ကစတင်၍
မဏ္ဍပ်ဆောက်လုပ်နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်၊ မဏ္ဍပ်ပြန်လည်ပြုလုပ်ချိန်တွင်
ရှမ်းပြည်နယ် အစိုးရရုံး အနီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #ThinGyan
.

No comments:
Post a Comment