Tuesday, March 24, 2026

🌸 ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ် စတင်မိတ်ဆက်

.

တောင်ကြီး၊ မတ် ၂၄

.

ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ် မိတ်ဆက်ပွဲကို ယနေ့ မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် တာဝန်ရှိသူများက ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်း စာအုပ်နှင့် ပတ်သက်၍ အမှာ စကားများ အသီးသီး ပြောကြားခဲ့သည်။

.

ထို့နောက် မဂ္ဂဇင်းစာအုပ် ဖြစ်မြောက်ရေးတွင် ကဏ္ဍအသီးသီးမှ ပါဝင်ကူညီဆောင်ရွက်ပေးကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်းကို ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ကလောမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်ထုတ်ဝေခြင်းဖြစ်ပြီး တစ်အုပ်လျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် တောင်ကြီးမြို့ ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း အနေဖြင့် တောင်ကြီးမဂ္ဂဇင်းနှင့် ရှမ်းပြည်နယ်မဂ္ဂဇင်း အထူးထုတ်တို့ကို ဆက်လက်ထုတ်ဝေသွားရန် ရှိနေပြီး မကြာမီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment