.
တောင်ကြီး၊ မတ် ၃၀
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ မတ်လ ၃၀ ရက်၊ နံနက်ပိုင်းက
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးတွင် ဥပဒေ
ပြုရေးရာကော်မတီ အပါအဝင် ကော်မတီ ၄ ခုကို အတည်ပြု ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
.
.အဆိုပါကော်မတီများမှာ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊
တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ
စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာစိစစ်ရေး
ကော်မတီတို့ဖြစ်ပြီး ကော်မတီများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက
လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို
ဆောင်ရွက်ခဲ့သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့
တက်ရောက်ခွင့် ရှိသော ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့
ကျင်းပသော အစည်းအဝေး တတိယနေ့ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် အားလုံး
တက်ရောက်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Hluttaw
.

No comments:
Post a Comment