Saturday, April 4, 2026

🌸 တောင်ကြီးတွင် တွဲကားတစ်စီး စားသောက်ဆိုင်ကို ဝင်တိုက်

.

တောင်ကြီး၊ ဧပြီ ၄

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက်ပိုင်းက အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ကာ ရပ်နားထားသည့် တွဲကားတစ်စီး ဘရိတ်ပြုတ်ကာ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၃) မြို့ရှောင်လမ်းဘက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကုန်တင်တွဲကားတစ်စီးသည် ရပ်နားထားစဉ် ဘရိတ်ပြုတ်ပြီး လိမ့်ဆင်းသွားရာမှ ပန်းချယ်ရီအကြော်စုံနှင့် ကဖေးဆိုင်ကို ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လက်ဖက်ရည်ဆိုင် ဆိုင်ခန်း ပျက်စီးခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Accident

.

No comments:

Post a Comment