Friday, April 3, 2026

🌸 တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ထရန်စဖော်မာ မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၃

.

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)၊ အောင်သပြေလမ်းရှိ လျှပ်စစ်ထရန်စဖော်မာတွင် ယနေ့ ဧပြီလ ၃ ရက်၊ နေ့လယ်ပိုင်းက ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

တောင်ကြီးမြိုနယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနပိုင် လျှပ်စစ်ထရမ်စဖော်မာ၏ ကေဘယ် ကြိုးရှော့ဖြစ်ရာမှတစ်ဆင့် ထရမ်စဖော်မာမိန်းခုံနှင့် အနီးရှိ အမှိုက်များအား မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကို မီးသတ်ဦးစီးဌာန၊ တောင်ကြီးမြိုနယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လျှပ်စစ်ထရန်စဖော်မာ ကာလ တန်ဖိုးငွေ သိန်း ၇၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အနီးရှိ လူနေအိမ်များနှင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Fire

.

No comments:

Post a Comment