Thursday, May 21, 2026

🌸 ‌ညောင်ရွှေနှင့် လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းမိ

.

တောင်ကြီး၊ မေ ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့တို့တွင် ရက်၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မေလ ၂၀ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က ညောင်ရွှေမြို့နယ်၊ ပွဲစားကုန်းလယ်ပြင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်လွင်ဦး (ခ )အယ်ဇော် အား စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၀အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ဇော်လွင်ဦး (ခ) အယ်ဇော် အား ညောင်ရွှေ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

အလားတူ ယမန်နေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ ကျင်ရှောင်၏ နေအိမ်တွင် စိတ်ကြွရူးသွပ် ဆေးပြား ၂၆၀၀ ပြားနှင့် ဘိန်းစိမ်း အလေးချိန် ၁ ကီလို၊ ဘိန်းဖြူ အလေးချိန် ၂၆၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကျင်ရှောင်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #NyaungShwe #Lashio #Drugs

.

No comments:

Post a Comment