Monday, May 25, 2026

🌸 ပင်လုံတွင် ကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

လွိုင်လင်၊ မေ ၂၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းတွင် မေလ ၂၁ ရက်၊ နေ့လယ် ၂ နာရီခန့်က ငွေကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းပေါ် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် ဟန်ထူးအောင် မောင်းနှင်ပြီး မျိုးသူကို လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ကာလတန်ဖိုးငွေကျပ် ၈၅၆၈ သိန်းရှိ ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံးနှင့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ဖြစ်သည့် Happy Water အလေးချိန် ၁ ဒသမ ၀၀၅ ကီလိုအား တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဟန်ထူးအောင် နှင့် မျိုးသူကို တို့ကို ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

#ShanGazette #LoiLem #PangLong

.

 

No comments:

Post a Comment