.
တောင်ကြီး၊ မေ ၂၄
.
တောင်ကြီးမြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်အဖွဲ့သစ်
ရွေးချယ်ပွဲကို ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ Community
Centre Taunggyi ဘက်စုံသုံး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.“အရင် ဥက္ကဋ္ဌကလည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ အနားယူချင်ပြီ။
နောက်ပြီး ဗဟိုရဲ့ ညွှန်ကြားချက် လည်း ရှိတာကြောင့် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်တာဖြစ်ပါတယ်”
ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်မှုကို တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယ ဦးစီးမှူး ဦးအာကာကိုကိုဖြိုး၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်နှင့် မြို့မိမြို့ဖ
ဦးတင်ဝင်းတို့က ကြီးကြပ်သူ ကော်မရှင် အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ်
ဒေါ်ခင်မြကြီး (ခင်-တောင်ကြီး) အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ဆန်းဝင်း
(ဗျတ္တ)၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးမြင့်စိန် (ကောင်းမြင့်မြတ်စိန်)၊ အဖွဲ့ဝင် (၁) အဖြစ်
ဒေါ်စန္ဒာသက် (ငွေခြည်လင်းလက်-မြန်မာစာ) နှင့် အဖွဲ့ဝင် (၂) အဖြစ် ခွန်စည်သာဟိန်း
(စည်သာ-တောင်ကြီး)တို့အား အများသဘောဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခဲ့ ကြပြီး ဗဟိုညီလာခံ
ကိုယ်စားလှယ်အဖြစ် အဖွဲ့ဝင် (၁) ဒေါ်စန္ဒာသက်အား ရွေးချယ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတွင် အဖွဲ့ဝင် ၂၆
ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၂ ဦး တက်ရောက်ပြီး ၄ ဦး ခွင့်ပန်ကြားခဲ့ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment