အောင်ပန်း၊ မေ ၂၆
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ချဲထီနှင့် နှစ်လုံးထီ ရောင်းချသေည့် အမျိုးသမီး တစ်ဦး ယမန်နေ့ မေလ ၂၅ ရက်၊
ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ အောင်သုခလမ်းနေ
အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က စားပွဲ အပါအဝင် သက်သေခံ
ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လောင်းကစားဥပဒေဖြင့် အရေးယူထား ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ချဲထီလောင်းကစားမှုများအား
ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်သူများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေလျက် ရှိပြီး
အကြောင်းရင်းမှာ အဓိက လောင်းကစားဒိုင်များအား သိလျက်နှင့် ဖမ်းဆီးမှု
မရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
.
#ShanGazette #AungBan
.

No comments:
Post a Comment