Sunday, May 24, 2026

🌸 တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာတွင် အမျိုးသားတစ်ဦး ပေါက်ပြားဖြင့် ထုရိုက်ခံရမှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ပေါက်ပြားဖြင့် ထုရိုက်ခံရမှု ဖြစ်ပွားပြီး ဦးခေါင်းသွေးထွက် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာနေ ကိုဝိုင်းချစ် အား တစ်ရွာတည်းနေ မျိုးထက်အောင် ဆိုသူက ယခင် အခြေအတင်စကားများခဲ့မှုအပေါ် မကျေနပ်၍ ဦးခေါင်းအား ပေါက်ပြားဖြင့် ထုရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ကိုဝိုင်းချစ်တွင် ဦးခေါင်းထိပ် ပေါက်ပြဲသွေးထွက် ဒဏ်ရာ ၂ ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ရွှေညောင်တိုက်နယ်ဆေးရုံ မှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ အမျိုးသား ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူ မျိုးထက်အောင်အား ရွှေညောင်နယ်မြေ ရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Crime

.

No comments:

Post a Comment