.
ပင်းတယ၊ ဇန်နဝါရီ ၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်၊ သရက်ကုန်းတောင် ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် အဖိုးအိုတစ်ဦး ပျောက်ဆုံးနေပြီး
မိသားစုများက ပြန်လည်ရှာဖွေလျက်ရှိကြောင်း သိရသည်။
.
.အဆိုပါ အဖိုး ဦးခင်မောင် ကို ယမန်နေ့ ဇန်နဝါရီလ
၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က သရက်ကုန်းတောင် ကျေးရွာ ရေကန်အနီးတွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး
သားဖြစ်သူနှင့် မိသားစု၊ ဆွေမျိုးများက လိုက်လံ ရှာဖွေ ဆက်သွယ်နေသော်လည်း ယနေ့ ဇန်နဝါရီလ
၇ ရက်၊ ညနေပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း မရှိသေး ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါ အဖိုးအား တွေ့ရှိပါက ဖုန်းနံပါတ်
09782208530 သို့ ဆက်သွယ်အကြောင်းကြား ပေးရန် သားဖြစ်သူ ဦးတင်ဖေက
မေတ္တာရပ်ခံထားသည်။
.
#ShanGazette #Pindaya
.

No comments:
Post a Comment