Wednesday, January 7, 2026

🌸 လားရှိုးပြည်သူ့ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ ကုသပေးမည်

.

လားရှိုး၊ ဇန်နဝါရီ ၇

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သက်ကြီး ဘိုးဘွားများအား အခမဲ့ ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.


.

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည့် အဆိုပါ အစီအစဉ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတုတပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာ‌ရေး စောင့်ရှောက်ပေးခြင်း များကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ အခမဲ့ကုသဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသလိုသူများ၊ သွားတုတပ်ဆင်လိုသူများအနေဖြင့် လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

.

Photo – SaiHtunNayHlaing

.

#ShanGazette #Lashio

.

No comments:

Post a Comment