.
တောင်ကြီး၊ ဇန်နဝါရီ ၁၅
.
ထိုင်းနိုင်ငံ၊ စမုတ်စခွန်ပြည်နယ်၊ ရာမ-၂ လမ်းပေါ်တွင်
ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲ ခန့်က ဆောက်လုပ်ရေးကရိန်းတစ်ခု ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး
ယာဉ် ၂ စီးပိမိကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.ယင်းမတော်တဆမှုသည် Tha Chin မြစ်အနီးရှိ ချဉ်းကပ်လမ်းမရောက်မီ ရာမ-၂ လမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး
ကရိန်းပြိုကျမှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ
ဘန်ကောက်မြို့မြောက်ဘက် မိုင် ၁၄၀ ကျော်အကွာတွင် ရထားတစ်စင်းပေါ်သို့
ရထားလမ်းအဆင်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ကရိန်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး
အနည်းဆုံး လူ ၃၂ ဦး သေဆုံးကာ လူ ၈၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
.
Photo – Credit
.
#ShanGazette #International #Thailand #Accident
.

No comments:
Post a Comment