.
တောင်ကြီး၊ ဇန်နဝါရီ ၂၉
.
မိုင်းဖုန်းဆရာတော်ကြီးသည် ပြည်တွင်းသာသနာပြုခရီးစဉ်အဖြစ်
ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးသို့ ကြွရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ဖေဖော်ဝါရီလ ၂ ရက်တွင် စတင်မည့် မိုင်းဖုန်းဆရာတော်ကြီး၏
ခရီးစဉ်အစတွင် မိုင်းဖုန်းမှစတင်ထွက်ခွာပြီး မိုင်းပန်မြို့၌ တစ်ညအနားယူကျိန်းစက်အနားယူကာ
ဖေဖော်ဝါရီ ၃ ရက်တွင် ကွန်ဟိန်းမြို့သို့ ဆက်လက် ကြွရောက်ပြီး
နှစ်ညအနားယူကျိန်းစက်မည်ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ဖေဖော်ဝါရီ ၅ ရက်တွင် ဝမ်ကျင်း
မိုင်းနောင်၊ ဖေဖော်ဝါရီ ၆ ရက်တွင် မိုင်းရှူးမြို့၊ ဖေဖော်ဝါရီ ၇ ရက်တွင်
တန့်ယန်းမြို့၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျေးသီးမြို့၊ ဖေဖော်ဝါရီ ၁၀ ရက်တွင်
မိုင်းကိုင်မြို့၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပင်လုံမြို့၊ ဖေဖော်ဝါရီ ၁၂ ရက်တွင်
တောင်ကြီးမြို့သို့ကြွရောက်မည်ဖြစ်ပြီး သုံးညအနားယူကျိန်းစက်၍ ဖေဖော်ဝါရီ ၁၅
ရက်တွင် မန္တလေးမြို့သို့ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ဆရာတော်သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပုဂံ၊
ဖေဖော်ဝါရီ ၁၇ ရက်တွင် နေပြည်တော်နှင့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရန်ကုန်မြို့သို့ကြွရောက်ကာ
သုံးညအနားယူကျိန်းစက်မည်ဖြစ်ကြောင်း သိရသည်။
.
ဆရာတော်ကြီး၏ သာသနာပြုခရီးစဥ်အတွင်း
အလှူဒါနပြုလုပ်ခြင်းများ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ
ဟောကြားတော်မူခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
မိုင်းဖုန်းဆရာတော်ကြီးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊
ဧပြီလအတွင်းကလည်း ငလျင်ဒဏ်ခံစားခဲ့ရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့
သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment