.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀
.
နိုင်ငံရေး ပြဿနာများအား ဆွေးနွေးခြင်း နည်းလမ်းဖြင့်
အခြားအဖွဲ့အစည်းများ အဖက်ဖက်တို့နှင့် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.RCSS ၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို
ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း၊ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို
ဖေဖော်ဝါရီလ ၁၈ ရက်တွင် လည်းကောင်း RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်၌
ကျင်းပခဲ့ပြီး ကောင်စီကွန်ဂရက် အပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
.
စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီး
ယွက်စစ် အား ဥက္ကဌအဖြစ် တစ်ညီတစ်ညွတ် တည်း ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ပြီး
အကြံပေးအဖွဲ့ဝင် ၂ ဦး၊ ပေါ်လစီကြီးကြပ်ရေး ကော်မတီ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ၊
ဌာနအသီးသီး၏ ဌာနမှူးများအား ရွေးချယ်အတည်ပြုပေးခဲ့ကာ လာမည့် ၄ နှစ်တာ ရှေ့လုပ်ငန်းစဉ်များကိုလည်း
ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် RCSS အနေဖြင့် ပထမအကြိမ်
ရှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုခဲ့ သော သျှမ်းပြည် ဖက်ဒရယ်အခြေခံမူ ၃၃ ချက်၊
အခြေခံအခွင့်အရေး ၃၈ ချက် တို့အား ထောက်ခံပြီး အကောင်အထည် ဖော်နိုင်ရေး အတွက်
တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဘေးဒဏ်ခံ ပြည်သူများ
နေထိုင်ရန် အိမ်ရာများကို ကူညီဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
#ShanGazette #RCSS
.

No comments:
Post a Comment