Thursday, February 19, 2026

🌸 လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်း ဖမ်းမိ

.

လားရှိုး၊ ဖေဖော်ဝါရီ ၂၀

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခန့်က သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်တွင် သိန်းမောင် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၅၀ အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သိန်းမောင်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Lashio

.


No comments:

Post a Comment